Mon, If you don't breathe, there is no air. If you don't walk, there is no earth. If you don't speak, there is no word.

လမျီုမည်ဂှ် အရေဝ်မည်ရ။ အရေဝ်မည်ဂွံဗိုန်ဂှ် လိက်ရောၚ် ဗဗိုန်ပခိုၚ်ကဵု။
ဟိုတ်ဂှ်ရ လမျီုမည် ညံၚ်ဟဂွံတိတ်အာ နူမည်ဂှ် အရေဝ်မည် မည်ဟီုညိ ဂးညိ။ လိက်မည်ဂှ် မည်ကတ်ညိ ချူညိ။

Bookmark and Share

မျက်ရည်မိုး ရွာသွန်းဖြိုးသည့်ကၚ်မွန်းချုံဒေသ

ညးမချူပတိုန်ထ္ၜး - လဂ္ဂန်ရာံ | တ္ၚဲဒိတ္ထဳ Thursday, February 25, 2010

သၟိက်ကဵုဂကူမည်ပိုယ်တံ ဂွံတီကေတ် ဒဒှ်ဂကူမည် ပ္ဍဲပစ္စုပ္ပန်ဏံတုဲ လၟေၚ်စလာဲဒဒှ်ဂကူမည် မဍာံစၟတ်မွဲ နူတၞးလိက်(နိုၚ်မၚ်းသောၚ်းသျှၚ်၊ President of Mon Literature and Culture Committee, Yangon) မချူလဝ် ပရူဒဒှ်ညးမဆဵုဂဗကေတ်လဝ်ဂှ် အဲ ချူပတိုန်ထၜးဏာ ပ္ဍဲမုက်လိက် (လိက်ပတ်မည်) ဏံရ။ ဇၟန်လိက်ဂှ် ဗတ်ဘာသာဗမာဟေၚ် ညးချူလဝ်တုဲ အတိုၚ်ဗတ်ဗမာဂှ်ရ အဲ ချူဏာ။ အခြၚ်ရ ကၠာဲဘာသာဟွံလေပ်ဂှ် ဟွံဂး။ သၠးအခေါၚ်ညိ။

ဦးနှောက်တွၚ် သန္တေတည်
မိမိ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌတာဝန် ထမ်းဆောၚ်သည့်အချိန်မှစ၍ တောၚ်ငူခရိုၚ် ထန်းတပၚ်မြို့နယ် ကၚ်မွန်ချုံဒေသကို ဦးနှောက်တွၚ် မသိမသာ နေရာယူထားသည်မှာ ကာလအတန်ကြာခဲ့ပြီ ယၚ်းဒေသနှၚ့် ပြန်လည်ဆက်သွယ်လိုသောစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

ပြန်လည်ဆက်သွယ်မိခြၚ်း
ကံကောၚ်းထောက်မစွာဖြၚ့် ပြန်လည်ဆက်သွယ်မိခဲ့ပါသည်။ ပြန်လည်ဆက်သွယ်မိပုံမှာ မိမိ၏ဇာတိရွာ ရေးမြို့နယ် လမိုၚ်းမြို့နယ်ခွဲ၊ ကော့တွတ်စံပြကျေးရွာမှ ဘုရားပွဲတော်ကျၚ်းပရေးဥက္ကဋ္ဌနှၚ့်ကျေးရွာဥက္ကဋ္ဌများသည် ရန်ကုန်မြို့သို့ ရုပ်ရှၚ်မၚ်းသား မၚ်းသမီး အဆိုတော်နှၚ့် လက်ဝှေ့သမားများ လာရောက်ငှားရမ်းရာတွၚ် မိမိအား ကူညီဆောၚ်ရွက်ပေးရန် အကူအညီတောၚ်းခံလာသဖြၚ့် အကူအညီပေးခဲ့ပါသည်။

လက်ဝှေ့သမားရှာဖွေသည့်နေ့တွၚ် (၃၅)လမ်းရှိ ပစ်တိုၚ်းထောၚ် ဗီဒီယိုထုတ်လုပ်ရေး ရန်ကုန်မြို့၌ လက်ဝှေ႕ပွဲများဖြစ်မြောက်အောၚ် စီစဉ်သူ စိုၚ်းဇော်ဇော်၏ ရုံးခန်တွၚ်ဖြစ်သည်။ အလုပ်ကိစ္စ ဆွေးနွေးနေချိန်တွၚ် လူငယ် (၄) ယောက် ဝၚ်ရောက်လာသည်။ စိုၚ်းဇော်ဇော်မှ ၄ၚ်းတို့လာသည့်ကိစ္စနှၚ့် မည်သည့်ဒေသမှလာကြောၚ်း မေးမြန်းရာ ထန်းတပၚ်မှဖြၚ့်ကြောၚ်း ဖြေကြားသံကို မိမိကြားမိသည်။

ထိုစဉ် မိမိဦးနှောက်တွၚ် သန္တေတည်နေသော အသိတစ်ခု လှုပ်နှိုးသကဲ့သို့ ခံစားရပြီး လူငယ် (၄) ဦးအနက် တစ်ဦးကို ထန်းတပၚ် ဆိုတာ တောၚ်ငူခရိုၚ်ကလား၊ ကၚ်းမွန်းချုံကို သိလားဟုမေးမိရာ ကၚ်းမွန်းချုံရွာသားများ ဖြစ်ကြောၚ်း ပြန်ဖြေပါသည်။

မိမိက ယၚ်းလူငယ်အား မၚ်းမွန်လူမျိုးလားဟုမေးရာ ကျွန်တော်မွန်လူမျိုးမဟုတ်ကြောၚ်း ပအိုဝ်လူမျိုးဖြစ်ကြောၚ်း မွန်လူငယ်လည်း ပါလာကြောၚ်း တဆက်တည်း မွန်လူငယ်ဆိုသူနှၚ့် မိတ်ဆက်ပေးပါသည်။ မွန်လူငယ် မၚ်းအောၚ်နိုၚ်မျိုးက ကျွန်တော် မွန်လူမျိုးဖြစ်ကြောၚ်း သို့သော် မွန်စကား မပြောတတ်တော့ပါ။ ရွာမှလူကြီးများလည်း မွန်စကား မပြောတတ်တော့ကြောၚ်းနှၚ့် မွန်လူမျိုးဖြစ်ကြောၚ်း သက်သေအဖြစ် မှတ်ပုံတၚ်ကို စိတ်လှုပ်ရှားစွာ မိမိအား ပြသပါသည်။

မိမိသည် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဖြစ်ကြောၚ်း၊ ကၚ်းမွန်းချုံဒေသနှၚ့်ဆက်သွယ်လိုကြောၚ်း ပြောပြရာ လူငယ်က သူတို့လည်း မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှၚ့် ပြန်လည်ဆက်သွယ်လိုကြောၚ်း၊ မည်သို့မည်ပုံ ဆက်သွယ်ရမည်ကို စုံစမ်းနေဆဲဖြစ်ကြောၚ်း ပြောပါသည်။

မိမိအမည် လိပ်စား ဖုန်းနံပါတ် အပြည့်အစုံ ရေးပေးပြီး ပြန်လည်ဆက်သွယ်နိုၚ်ကြောၚ်း အကူအညီ လိုအပ်ပါက တတ်အားသမျှ ကူညီမည်ဖြစ်ကြောၚ်း ပြောပြမိပါသည်။

မိမိတို့ အပြန်အလှန်စကားပြောနေသည်ကို နားထောၚ်နေသည့် စိုၚ်းဇော်ဇော်သည် ဆရာတို့ ဝေးကွာနေတဲ့ မွန်အချၚ်းချၚ်း ယခုလို ဆုံတွေ့ရသည်မှာ ပဋ္ဌာန်းဆက်အၚ်အားကြီးမားကြောၚ်း ကုသိုလ်ရေစက်ကူးကြောၚ်း ၀မ်းမြောက်ဝမ်းသာပြောဆိုပါသည်။

ပြန်လည်တွေ့ဆုံခြၚ်း
(၁၅)ရက်ခန့်ကြာသောအခါ မိမိထံသို့ ဖုန်းဖြၚ့် အကြောၚ်းကြားလာပါသည်။ ကၚ်းမွန်းချုံဒေသ၌ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ ဖွဲ့စည်းပြီးကြောၚ်း၊ ယခုနှစ်တွၚ် မွန်အမျိုးသားနေ့ကျၚ်းပခွၚ့်တောၚ်းခံထားပြီဖြစ်ကြောၚ်း၊ မည်သို့ကျၚ်းပရမည်ကိုလည်း ညွန်ကြားစေလိုကြောၚ်း၊ အလံအမှတ်အသား ဖိတ်စာမှအစ အသေးအစိတ် သိလိုကြောၚ်း ပြောကြားပါသည်။

မိမိမှ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) လစဉ်ပုံမှန်အစည်းအဝေးတွၚ် အကျဉ်းမျှတၚ်ပြခဲ့ပြီး စိတ်တွၚ် ကၚ်းမွန်းချုံဒေသသို့ လူကိုယ်တိုၚ်သွားရောက် တွေ့ဆုံဆွေးနွေးလိုစိတ် တဖွားဖွား ပေါ်ပေါက်ခဲ့ပါသည်။

နောက်(၃)ရက် အကြာတွၚ် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်းမွန်းချုံဒေသ) အတွၚ်းရေးမှူးဖြစ်သူ နိုၚ်ဌေးလွၚ်မှ သိလိုသမျှကို မေးမြန်းပြီး ဥက္ကဋ္ဌအား လာရောက်စေလိုကြောၚ်း ဖိတ်ခေါ်ရာ မွန်အမျိုးသားနေ့ကျၚ်းပသည့်အချိန်တွၚ် လုပ်ငန်းအခြေအနေကြောၚ့် လာနိုၚ်မည်မဟုတ်ကြောၚ်း၊ ကြိုတၚ်လာလျှၚ် လက်ခံနိုၚ်ပါက မိမိနှၚ့်အဖွဲ့ လာမည်ဖြစ်ကြောၚ်း ပြောကြားရာ အတွၚ်းရေးမှူးမှ ဝမ်းမြောက်စွာ ကြိုဆိုကြောၚ်း ပြန်လည်ဖြေကြားပါသည်။

ထို့နောက် မိမိနှၚ့်အတူ လိုက်ပါနိုၚ်မည့်သူများကို စုစည်းပြီး မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်းမွန်းချုံဒေသ) ဥက္ကဋ္ဌနိုၚ်ဘမော်ထံမှ တယ်လီဖုန်းဖြၚ့် ဆက်သွယ်ရာ မိမိတို့အဖွဲ့ (၂၅-၁-၂၀၁၀) ရက်နေ့ နံနက် (၇:ဝဝ) အချိန်တွၚ် ရန်ကုန်မြို့မှ ထွက်ခွါမည်ဖြစ်ကြောၚ်း သတၚ်းပို့ခဲ့ပါသည်။

(၂၅-၁-၂၀၁၀)ကၚ်မွန်းချုံဒေသ
(၂၅-၁-၂၀၁၀) ရက်နေ့တွၚ် ဥက္ကဋ္ဌ နိုၚ်မၚ်းသောၚ်းသျှၚ်၊ ပြန်ကြားရေးမှူး နိုၚ်စိုးကြည်း၊ အဖွဲ့ဝၚ် (ကျောၚ်းဆရာ) နိုၚ်ညွန့်ဖေ၊ မွန်စာပေသၚ်ကြားရေးနှၚ့်လူငယ်ဆပ်ကော်မတီ အတွၚ်းရေးမှူး မၚ်းသန်းထွန်းတို့ လိုက်ပါလျှက် (၁၁-ဝဝ) အချိန်တွၚ် တောၚ်ငူသို႕ ရောက်ရှိသွားခဲ့ကြသည်။ ကားဆိုက်သည်နှၚ့် မွန်ပုဆိုး ဝတ်ထားသည့် ကၚ်မွန်းချုံဒေသ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်မွန်းချုံ) အတွၚ်းရေးမှူး နိုၚ်ဌေးလွၚ်း၊ ကျေးရွာဥက္ကဋ္ဌမှိဲးဆောၚ်ကြိုဆိုလျှက် မော်တော်ယဉ်ငယ်ဖြၚ့် တောၚ်ငူမှ (၁၈) မိုၚ် ဝေးသည့် ကၚ်မွန်းချုံဒေသသို့ ပထမအကြိမ် ရောက်ရှိခဲ့ပါသည်။

(၂၅-၁-၂၀၁၀) ညနေအချိန်တွၚ် မိမိအဖွဲ့နှၚ့် ကၚ်မွန်းချုံဒေသမှ လူကြီးလူငယ်အချို့နှၚ့် တွေ့ဆုံသည့် စကားဝိုၚ်းတွၚ် ရွာသားတိုၚ်း မွန်စကား မပြောနိုၚ်ကြ၍ ဝမ်းနည်းမိကြောၚ်း၊ ဥက္ကဋ္ဌနှၚ့်အဖွဲ့ လာရောက်သည်ကို ဝမ်းမြောက်ကြောၚ်း၊ ရွာမှ လူကြီးလူငယ် ကလေးများအားလုံ မွန်စကား ပြန်ပြောတတ်ချၚ်ကြောၚ်း၊ စိတ်ပါဝၚ်စားစွာ သၚ်ယူလိုကြောၚ်း ၀မ်းနည်းဝမ်းသာစကားပြောဆိုနေချိန်တွၚ် နိုၚ်ညွန့်ဖေအား အကဲခတ်ကြည့်ရာ မျက်ရည်မိုးများ ရွာနေသည်ကို တွေ့ရ၍ မေးရာ နိုၚ်ညွန့်ဖေက ယခုလို မွန်စကား မပြောတတ်သည့် မွန်ရွာ ရွာသူ ရွာသားများနှၚ့် တွေ့ဆုံရာတွၚ် မိမိစိတ် မွန်းကြပ်နေပြီး မွန်စကားကို မိမိကိုယ်တိုၚ် သၚ်ပေးနိုၚ်လျှၚ် ကောၚ်းမည်လား၊ မည်သို့ကူညီရမည်ကို စဉ်းစားရၚ်း မွန်စကား မပြောတတ်သည့်မွန်များ၏ ခံစားချက် ကူဆက်ပြီး မျက်ရည် မထိမ်းနိုၚ်ကြောၚ်း ရှၚ်းပြရှာပါသည်။

သားတို့သမီးတို့ ဘာလူမျိုးလဲ
(၂၆-၁-၂၀၁၀) နံနက် မွန်အရှေ့ရပ်ကွက် မွန်အလယ်ရပ်ကွက် မွန်အနောက်ရပ်ကွက်တို့ကို လှည့်လည်စဉ် ကလေးများ၊ လူလတ်ပိုၚ်း၊ လူကြီးပိုၚ်းများကို ဘာလူမျိုးလဲဟုမေးမြန်းရာ အားလုံးက မွန်လူမျိုးဖြစ်ကြောၚ်း၊ သို့သော် မွန်စကား မပြောတတ်ကြောၚ်း ဝမ်းနည်းစွာ ပြန်လည်ဖြေကြားပါသည်။

မျက်ရည်မိုးရွာသွန်းဖြိုး
(၂၆-၁-၂၀၁၀) နံနက် (၁၁-ဝဝ) နာရီအချိန်တွၚ် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှၚ့် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်မွန်းချုံဒေသ) တို့ မွန်အမျိုးသားနေ့ကျၚ်းပရေးဆွေးနွေးပွဲတွၚ် အစီစဉ် (၁) မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌမှ အမှာစကား ပြောကြားပါသည်။ အစီစဉ် (၂) မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်မွန်းချုံဒေသ) ဥက္ကဋ္ဌ နိုၚ်ဘမော် အမှာစကား ပြောကြားပါသည်။ စကားပြောနေစဉ် ခဏအကြာ အသံတိတ်သွားပါသည်။ အားလုံးက နိုၚ်ဘမော်ကို ကြည့်နေကြသည်။ ဥက္ကဋ္ဌမှ စကားပြောနေရၚ်း မျက်ရည်ကျကာ အသံမထွက်တော့ချေ။ အလားတူ ရွာသားများကို ကြည့်လိုက်ရာ ခေါၚ်းငုတ်လျှက် တချို့လူကြီး လူငယ်များလည်း မျက်ရည်တွေကိုယ်စီ ကျနေသည်ကို မိမိတို့အဖွဲ့မှ မျက်ရည်ဝဲလျှက် ကရုဏာသက်မိပါတော့သည်။

ဒုတိယဥက္ကဋ္ဌ နိုၚ်ပေါ်ငြိမ်းမှ အမှာစကားအပြီးတွၚ် ဥက္ကဋ္ဌနိုၚ်ဘမော်မှ ကျွန်တော် မွန်စကား မပြောနိုၚ်သည်ကို စဉ်းစားမိပြီး ဝမ်းနည်းမှုဖြစ်ပါကြောၚ်း၊ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) နှၚ့် ပြန်လည်တွေ့ဆုံသည့်အတွက် ဝမ်းသားကြောၚ်း၊ ဝမ်းနည်းဝမ်းသာဖြစ်ပြီး အလိုလိုမျက်ရည်မိုးရွာမိကြောၚ်း၊ ဤအဖြစ်မှ လွတ်မြောက်လိုကြောၚ်း ဆက်လက်ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအပြီးတွၚ် ကၚ်မွန်းချုံဒေသ၏ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးအတွက် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ကၚ်မွန်းချုံဒေသ) သို့ မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ အလှူၚွေ ကျပ် ၁၅၀၀၀ ၊ မွန်စာပေသၚ်ကြားရေးနှၚ့် လူငယ်ဆပ်ကော်မတီ (ရန်ကုန်) အတွၚ်းရေးမှူး မၚ်းသန်းထွန်းမှ
အလှူၚွေ ကျပ် ၁၅၀၀၀ ၊ စုစုပေါၚ်း ၃၀၀၀၀ ကျပ်အား လှူဒါန်းခဲ့ပါသည်။
ကၚ်မွန်းချုံဒေသ၏ သမိုၚ်းကြောၚ်းအကျဉ်း
ပဲခူးတိုၚ်း တောၚ်ငူခရိုၚ်း ထန်းတပၚ်မြို့နယ် ဇရပ်ကြီးကျေးရွာနှၚ့် (၁၀) လမ်းသာ ခြားသည့် ကၚ်မွန်းချုံရွာသည် လွန်ခဲ့သော ၁၉၁၄ ခုနှစ် (နှစ် ၁၀၀ ခန့်က) ရေကြည်ရာမျက်နုရာရှာသည့် မွန်လူမျိုးတစ်ဦးနှၚ့် ပအိုဝ်လူမျိုးတစ်ဦးတို့ ရောက်ရှိလာပြီးနောက် မွန်လူမျိုးတို့ လှည်းအစီး (၂၀) ကျော်ဖြၚ့် ရောက်ရှိလာပြီး ကၚ်မွန်းချုံနွယ် ပိတ်ပေါၚ်းများကို ခုတ်တွၚ် ရှၚ်းလၚ်းခြၚ်း၊ လယ်ယာမြေဖော်ထုတ်ခြၚ်းဖြၚ့် ကၚ်မွန်းချုံရွာဟု အမည်ထွၚ်ခဲ့သည်။

ကၚ်မွန်းချုံဒေသသို့ ဦးစွာ ရောက်ရှိခဲ့သော မွန်များမှာ မုဒုံ (ကမာစ)၊ မုဒုံ (တံခွန်တိုၚ်)၊ ဖားအောက် (ကြာအၚ်း)၊ ဘီလူးကျွန်း၊ သထုံ (လိပ်အၚ်း)၊ ပေါၚ်(ဖလပ်) ဒေသများမှ ပြောၚ်းရွှေ့လာကြကြောၚ်း သိရှိရပါသည်။

ရွာသက်တမ်းတစ်လျှောက်လူကြီးမှာ ပအိုဝ်လူမျိုးတစ်ဦးသာ အုပ်ချုပ်ခဲ့ပြီး နောက်ပိုၚ်း မွန်လူမျိုးများသာ အစဉ်အဆက် ယခုအချိန်ထိ အုပ်ချုပ်နေဆဲဖြစ်သည်။ ယခုကျေးရွာဥက္ကဋ္ဌမှာလည်း နိုၚ်မြၚ့်ဆွေ ဖြစ်သည်။ အုပ်ချုပ်ရေးသာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး များတွၚ် မွန်လူမျိုးတို့ကသာ ဦးဆောၚ်ဦးရွက်ခဲ့ကြောၚ်း သိရသည်။ မွန်လူကြီးများတွၚ် နိုၚ်ပန်လှိုၚ် (မော်ကွန်းဝၚ် ပထမအဆၚ့်)၊ မော်ကွန်းဝၚ် ဒုတိယအဆၚ့် ရရှိသူများမှာ နိုၚ်မော်ထွန်း၊ နိုၚ်အုန်းသား၊ နိုၚ်မြအေး၊ နိုၚ်သန်းမောၚ်း၊ နိုၚ်မောၚ်ချစ်တို့မှာ ကွယ်လွန်ကြပြီ ဖြစ်သည်။ ထိုရွာတွၚ် မွန်၊ ကရၚ်၊ ပအိုဝ်၊ ကယား လူမျိုးများ ရပ်ကွက်အလိုက် စုစည်းနေထိုၚ်သော ရွာတစ်ရွာဖြစ်သည်။ ထို့အပြၚ် တောၚ်ငူမြို့၊ ဇေယျဝတီ၊ သရက်တန်း၊ ကြို့ပၚ်သာ၊ ကျီတော်ဒေသများတွၚ်လည်း မွန်များ ပြန့်ကြဲနေထိုၚ်ကြကြောၚ်း သိရှိရပါသည်။
နှောၚ်းခေတ်မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ(ရန်ကုန်) နှၚ့် ကၚ်မွန်းချုံဒေသ
မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ဥက္ကဋ္ဌဟောၚ်း နိုၚ်ခၚ်မောၚ် (ကွယ်လွန်) လက်ထက် ကၚ်မွန်းချုံဒေသမှ နိုၚ်ပန်းလှိုၚ်(ကွယ်လွန်)တို့၏ဆက်သွယ်မှုကြောၚ့် မွန်စာပေသၚ်ကြားရေးအစီအစဉ် (၁-၁၉၈၂) ၃ လ မွန်စာပေသၚ်တန်းတွၚ် မၚ်အောၚ်လှိုၚ် (စက်မှုတက္ကသိုလ်)၊ မၚ်ကျော်မြၚ့် (တိ၊ကု၊မွေး တက္ကသိုလ်)တို့ သၚ်ကြားခဲ့ပါသည်။ ဒုတိယအကြိမ် (၁၈-၄-၁၉၈၃) ရက်နေ့မှစပြီး မၚ်းရွှေသိန်း(ဇၚ်ကျိုက်)၊ မၚ်းဝၚ်းအောၚ်(စိုက်ပျိုးရေး) တို့ တာဝန်ယူသၚ်ကြားခဲ့ပါသည်။ တတိယအကြိမ်(၁၇-၁-၁၉၈၄)ရက်နေ့မှစပြီး (၃)လ သၚ်တန်းကို မၚ်းခၚ်အောၚ်၊ မၚ်းနိုၚ်မွန်(ရန်ကုန်တက္ကသိုလ်)တို့မှ တာဝန်ယူ သၚ်ကြားခဲ့ပါသည်။

ရန်ကုန်မြို့ သိမ်ဖြူကွၚ်းတွၚ် ကျၚ်းပသော (၃၆) ကြိမ်မြောက် မွန်အမျိုးသားနေ့တွၚ် ကၚ်မွန်းချုံဒေသမှ နိုၚ်သိန်းအောၚ် ဦးဆောၚ်ပြီး အခန်းအနားသို့ တက်ရောက်ခဲ့ဖူပါသည်။
ကၚ်မွန်းချုံဒေသရှိ မွန်တို့၏ကံကြမ္မာ
ကၚ်မွန်းချုံဒေသတွၚ် မွန်အိမ်ခြေ (၅၀၀)ကျော် လူဦးရေး (၃၀၀၀)ကျော် ရှိသည်။ မွန်ဘုန်းကြီးကျောၚ်း တစ်ကျောၚ်း၊ မွန်မူလတန်းကျောၚ်တစ်ကျောၚ်း၊ အထက်တန်ကျောၚ်းတစ်ကျောၚ်း စသည့်ဖြၚ့် ခြံကျယ်၊ အိမ်ကြီး၊ အိမ်ငယ်၊ လယ်ယာများဖြၚ့် ဖွံ႕ဖြိုး တိုးတက်နေသော ရွာကြီးတစ်ရွာဖြစ်ကြောၚ်း တွေ့နိုၚ်ပါသည်။

လူဦးရေး (၃၀၀၀) ကျော်ရှိသည့် မွန်ရွာကြီးတွၚ် မွန်လူမျိုးစိတ်ဓာတ် ရှိနေကြသော်လည်း မွန်စကား မပြောတတ်တော့ပါ။ မွန်စာဆိုလျှၚ် စာအုပ်သာ ရှိပါတော့သည်။

၂၀၀၉ ခုနှစ် ဒီဇၚ်ဘာလတွၚ် ကမ္ဘာ့ကုလသမဂ္ဂ၏ အစီရၚ်ခံစာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွၚ် ဘာသာစကား ပေါၚ်း (၆၃၀၀)ကျော် ရှိကြောၚ်း၊ ၂၁ ရာစုနောက်ပိုၚ်းတွၚ် ဘာသာစကား (၅၉၀၀)ကျော် ပျောက်ဆုံးမည် ဖြစ်ကြောၚ်း၊ ဘာသာစကား(၆၀၀)ကျော်သာ ကျန်ရှိမည်ဖြစ်ကြောၚ်း ဖော်ပြသုံးသပ်ထာသည်ကို တွေ႕ရှိရပါသည်။ သို့ဆိုလျှၚ် ကျန်ရစ်မည့်ဘာသာစကား (၆၀၀)ကျော်တွၚ် မွန်ဘာသာစကား ပါ၀ၚ်နိုၚ်မည်လား။

မွန်စာပေနှၚ့်ယဉ်ကျေးမှု၏နောက်ဆုံး အုတ်တံတိုၚ်းသည် မွန်သံဃာများဖြစ်ပါသည်။

ကၚ်မွန်းချုံဒေသ၏မွန်ဘာသာစကား မွန်စာတို့၏အုတ်တံတိုၚ်းသည် ကၚ်မွန်းချုံဒေသရှိ မွန်လူမျိုးကြီး၊ လူလတ်၊ လူငယ်နှၚ့် မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်နှၚ့်မွန်ပြည်နယ်များ) မွန်သံဃာတော်များတွၚ် တာဝန်ရှိသည်ဟု ယူဆမိပါသည်။

သို့ဆိုလျှၚ် ကၚ်မွန်းချုံဒေသရှိ မွန်လူမျိုး (၃၀၀၀) ကျော်အား မွန်စကား မွန်စာ တတ်မြောက်ရန် ရေရှည်စီမံကိန်းဖြၚ့် အကောၚ်အထည်ဖော် ဆောၚ်ရွက်ရမည်ဖြစ်ပါသည်။
နည်းလမ်းရှာဖွေကြစို့
  • မွန်ပညာရေးဒါနရံပုံၚွေရရှိရေး။
  • မျိုးချစ်မွန်သံဃာတော်များ ပေါ်ထွက်ရေး။
  • မျိုးချစ်မွန်ကျောၚ်းဆရာများရရှိရေး။
  • မွန်တစ်မျိုးသားလုံး ဤအဖြစ်မျိုး မကြုံတွေ့စေရန် မည်သို့ဆောၚ်ရွက်ရမည်နည်း။
  • မွန်မျိုးချစ်စိတ်ဓာတ်ရှိနေသော (ရွာသားတိုၚ်း၏ မှတ်ပုံတၚ်တွၚ် လူမျိုး ဖော်ပြရာတွၚ် မွန်ဟုဖော်ပြထားသည်) ကၚ်းမွန်းချုံဒေသရှိ မွန်များအာ မွန်စကား မွန်စာ ပြန်လည်တတ်မြောက်လာစေရန် မွန်တိုၚ်းရၚ်းသားအားလုံး ဝိုၚ်းဝန်းကူညီပံ့ပိုးကြရန် လိုပါသည်။
  • ဓနအၚ်အား၊ ကာယအား၊ အကြံညာဏ်အားရှိသော မွန်သံဃာတော်များ မွန်မျိုးချစ်တိုၚ်းရၚ်းသားများ ပေါ်ပေါက်နိုၚ်ပါစေ။
ဆုတောၚ်လျှက်
နိုၚ်မၚ်းသောၚ်းသျှၚ်
ဥက္ကဋ္ဌ
မွန်စာပေနှၚ့်ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
ဖုံး ၄၀၀၃၄၆၊ ၃၇၅၅၉၀

Comments  

လိက်တၟံမည် ပ္ဍဲဍုၚ်လဴ

ညးမချူပတိုန်ထ္ၜး - လဂ္ဂန်ရာံ | တ္ၚဲဒိတ္ထဳ Friday, February 12, 2010

လိက်တၟံမည် မၞုံပ္ဍဲဍုၚ်လဴတေံ တၞဟ်နသ္ဂောံဒှ်ဒတုဲဖဵုတၠပညာမည် မလ္ၚတ်တဴလိက်တၟံတအ်တုဲ အဲ ပတိုန်ထၜးကဵု ပ္ဍဲမုက်လိက်ဗလံက်လိက်ပတ်မည်ဏံရ။ လိက်တၟံဏံ ကလိဂွံနၚ် နူမာံဗဳထဝ်(ရးဇြာ)။ ပရူဒဒှ်လိက်တၟံဏံ တၠပညာပြၚ်သေတ် မၞုံယၟု(E.Guillon) ချူလဝ် ဗတ်ဘာသာပြၚ်သေတ်တုဲ အဲ ဗှ်ဟွံဒး။ ဗွဟ်လိက်ဂှ် ဟွံဒးမ္ဂး ဟွံတီပရူဒဒှ်လိက်တၟံဏံ မိက်ဂး။
mon inscription
လိက်တၟံဏံ နွံပ္ဍဲတိုက်ထၜးပျးဘာဟဝ်ဖြခေဲ၊ ဍုၚ်ဝၚ်ကျာံ၊ ကၟိန်ဍုၚ်လဴ

သၟိက်ဂွံပံက်ဗှ် ပရူဒဒှ်မုက်လိက်တၟံဏံ ဗတ်ဘာသာအၚ်ကလိတ်မ္ဂး ပံက်ဗှ်ဒၞဲါဏံညိ။ သၟိက်ဂွံဗှ် ပရူဒဒှ်မုက်လိက်တၟံ တၠပညာပြၚ်သေတ် မၞုံယၟု Guillon Emmanuel မပံက်ထၜးလဝ်အဓိပ္ပဲါလိက်တၟံ၊ အက္ခရ်လိက်တၟံ ညးမကၠာဲထၜးလဝ် နအက္ခရ်(Roman)မ္ဂး ပံက်ဗှ်ဒၞဲါဏံညိ။ မအက္ခရ်လိက်တၟံ လတူဂှ် တၠပညာပြၚ်သေတ် (E.Guillon) ချူထၜးလဝ် နအက္ခရ် (Roman) သၟဝ်ဏံရ။
မအက္ခရ်လိက်တၟံဝွံ နအက္ခရ်ခေတ်လၟုဟ် သ္ဒးချူမ္ဂး အဲ ချူထၜးကဵုဗွဲသၟဝ်ဏံရ။ ဗၠေတ်ဒၟံၚ်ရောၚ် ယဝ်သ္ဒဟ် သၠးအခေါၚ်ကုအဲညိ။

Comments  

Powered By Blogger